အမေရိကန် စီးပွားရေးစနစ် ရေတိမ်နစ်ရခြင်း ဆပ်ပရိုင်း အပိုင်း (၂)

ဆောင်းပါး
ဘိုကျော်ငြိမ်း

ကျနော် အမေရိကန် ဆပ်ပရိုင်း Sub Prime ဒုက္ခ-အပိုင်း (၁) ကို ရေးခဲ့စဉ်က အမေရိကန်စီးပွားရေးစနစ် ခေါင်က မိုးပြိုလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ လူအများ တွေးကြတဲ့အတိုင်း - စီးပွားရေးဒုက္ခ Economic Crisis တခုလို့ပဲ ထင်ခဲ့မိတယ်။ အခုမှ အရူးမီးဝိုင်းသလို - အမေရိကန် စီးပွားရေးစနစ် ခေါင်က မိုးပြိုကိန်းရောက်နေမှန်း ကမ္ဘာကြီးနဲ့အတူ အမေရိကန် အစိုးရ အပါအဝင် သိကြတော့တယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်လောက်မှာ အမေရိကန်စီးပွားရေးအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ရီဇပ်(ဗ်) Federal Reserve မှ ဥက္ကဋ္ဌ မစ္စတာ ဘာ(လ်)နမ်ကီ Mr. Benanke နဲ့အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာပေါ(လ်)စင် MR. Paulsen တို့ နှစ်ယောက် ဘဏ်နဲ့ စီးပွားရေး မဏ္ဍိုင်တခုချင်းကို ရွေးကယ်ရုံးနှင့် လောက်တော့ဘူး၊ အခြေအနေဆိုးနေပြီ၊ Comprehensive Plan လို့ခေါ်တဲ့ ပြဿနာရဲ့ ကဏ္ဍတခုလုံးကို ကိုင်တွယ်ဖြေရှင်းမှဆိုပြီး မေရိကန်ကွန်ကရက်ကို တင်ပြခွင့် တောင်းလာပါတယ်။

ဒီလို ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝဝ (သန်းပေါင်း ၇ သိန်း) ကုန်ကျစရာရှိတာကြောင့် အမေရိကန် ကွန်ကရက် အမတ်တွေကို သုံးစွဲခွင့် ဥပဒေ ပြုပေးဖို့ တောင်းဆိုလာပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့က မဲခွဲရာမှာ အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်မဲ ၂၂၈ မဲ၊ ထောက်ခံမဲ ၂ဝ၅ မဲနဲ့ ရှုံးနိမ့်သွားပါတယ်။

လက်ရှိပြဿနာဟာ အင်မတန်မှ ရှုတ်ထွေးတာကြောင့် သာမန်လမ်းပေါ်က အမေရိကန်လည်း နားမလည်နိုင်ကြပါဘူး။ ဒါကြောင့် Wall Street ဝေါလ်စထရိ က ငွေရှင် သူဋ္ဌေးတွေကို ဘာကြောင့် ပြည်သူပိုင်တဲ့ အစိုးရဘဏ္ဍာငွေနဲ့ ကူညီရမှာလဲဆိုပြီး စိတ်တိုလျက် ရှိကြပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်လို့ခေါ်တဲ့ အောက်လွှတ်တော် အမတ်တွေဟာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ပြည်သူနဲ့ မကင်းဝေးသွားအောင် ၂ နှစ် တကြိမ် ပြည်သူ့ရှေ့မှာ ပြန်လည်အရွေးခံကြရပါတယ်။

ဖြစ်ချင်တော့ နိုဝင်ဘာလ ၄ ရက်မှာ ရွေးကောက်ပွဲ ရှိပါတယ်။ ဝေါလ်စထရိက ငွေရှင်၊ ကြေးရှင် တွေကို ကူရကောင်းလားလို့ အမျက်ထွက်နေတဲ့ ပြည်သူတွေက ဒဏ်ခတ်မှာ ကြောက်လို့တကြောင်း၊ ဈေးကွက်စီးပွားရေးမှာ အစိုးရက ဝင်မစွက်ရဘူး ဆိုတဲ့ တယူသန် ရှိကြတဲ့ လက်ျာ တဖက်စွန်းရောက် အောက်လွှတ်တော် အမတ်တွေကြောင့်တကြောင်း လက်ရှိဥပဒေ အဆိုပြချက်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။

လက်ငင်း အကျိုးဆက်က အမေရိက Dow Jones စတော့ ဈေးကွက်ဟာ ၇၇၇ ပွိုင့် ထိုးကျဆုံးရှုံးးခဲ့ပါတယ်။ ၉/၁၁ ဖြစ်ပြီးနောက် စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၁ ခုနှစ်မှာ တနေ့တာ ကျဆုံးရှုံးခြင်း ၇၂၁ ဒဿမ ၆၅ ပွိုင့်ထက် ပိုပါတယ်။ ဆိုလိုတာက အရင်းရှင် (သို့) ငွေကြေးမှုပ်နှံသူတွေက အမေရိကန်ကုမ္ပဏီတွေနဲ့ အမေရိကန်ဈေးကွက်ကို အယုံအကြည်မရှိဘူး၊ မသေချာ မရေရာတဲ့ စီးပွားရေး အခြေအနေကြောင့် သူတို့ပိုင်ဆိုင်တဲ့ စတော့တွေကို ထုတ်ရောင်းမှုကြောင့် စတော့ဈေးတွေ ကျရတာပါ။ ဒီ စတော့ (ှအသခု) ဈေးတွေ ကျဆုံးမှုဟာ လက်ရှိ Credit Crunch ပြဿနာကို ပိုမိုဆိုးဝါးစေပါတယ်။ ဘဲဥအစ ရှာမရသလို ပြဿနာတွေက ရွာလည်နေပါတယ်။

လက်ရှိ အမေရိကန်ရဲ့ စီးပွားရေးပြဿနာဟာ လောလောဆယ် အခြေအနေမှာ ဝေါလ်စထရိ လို့ ခေါ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အမေရိကန် ဗရာမင် (Brahmin) တွေလို့ တင်စားရမယ့် ထိပ်ဆုံး ငွေရှင်ကြေးရှင်တွေကိုပဲ ဆိုးဆိုးဝါးဝါး ထိခိုက်လျက် ရှိပါတယ်။ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် Main Street လို့ခေါ်တဲ့ လမ်းပေါ်က လူတွေကိုပါ မကြာခင် ထိခိုက်လာနိုင်တဲ့အပြင် အမေရိကန်စီးပွားရေး တခုလုံးပါချွတ်ခြုံ ကျသွားနိုင်တယ်။

လက်ရှိပြဿနာဟာ ၁၉၃ဝ ခုနှစ်များမှာ ဖြစ်ခဲ့တဲ့ The Great Depression လို့ ခေါ်တဲ့ အဆိုးဆုံး စီးပွားရေးကပ်ကြီးအပြီး အဆိုးရွားဆုံး စီးပွားရေးဒုက္ခလို့ ဆိုနိုင်ပါတယ်။ အမေရိကန်အစိုးရက ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် မကြာခင် တကမ္ဘာလုံး ပြန့်နှံ့ပြီး ကမ္ဘာ့ စီးပွားရေးကပ်ဆိုက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ဟာ ကြီးမားလှပါတယ်။

ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်တွေ့ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံမှာတောင် အများစု လက်ရှိ လုပ်ကိုင်စားသောက်နေကြတဲ့ သာမန်လမ်းပေါ်က လူတွေကိုယ်၌က ပြဿနာရဲ့ အရင်းနဲ့ ရှုပ်ထွေးဆက်စပ်နေကြပုံကို ကျကျနန မသိတာကြောင့် ဘယ်လောက် အန္တရာယ်ကြီးမားတယ် ဆိုတာကို မသိရှာသေးကြပါဘူး။ ပြဿနာကလည်း အဆင့်ဆင့် ရှုပ်ထွေးလည်ပတ်နေကြတာကြောင့် စီးပွားရေးကို စိတ်ဝင်စားသူလိုက်စားသူ မဟုတ်ရင် အသေးစိတ် ရှင်းရှင်းလင်းလင်း သိရန် မလွယ်ကူလှပါ။ သုံးစွဲတဲ့ အသုံးအနှုံးများမှာလည်း ကြားနေကျ အသုံးအနှုံးများ မဟုတ်ပါ။

ဒါပေမဲ့ ပြဿနာကို မသိလို့ မရတော့ပါ။ အသေအချာ လေ့လာရင်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပြဿနာအားလုံးဟာ ဒေါ်လာပြဿနာ၊ ရေနံပြဿနာ၊ ဆန်ပြဿနာတို့ အားလုံးနဲ့ ဆက်စပ် ငြိတွယ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ဆီဈေးတွေ တက်၊ ကားတွေ ရှိပြီး ကားတွေရပ်ထားတဲ့ အခြေအနေနဲ့ ကြုံကြရတယ်။ ဆန်ဈေးတက်တော့ လူတွေ ထမင်းမဝတော့ဘူးပေါ့။ ဒါ့အပြင် နောင်တခေတ် မြန်မာပြည်ကြီးကို ထူထောင်ရမယ့် မြန်မာလူငယ်လေးတွေကို သတိပြုစေချင်တာက နိုင်ငံတနိုင်ငံမှာစီးပွားရေး ခေါင်းထောင်မှ တိုင်းပြည်ရော၊ ပြည်သူပါ ချမ်းသာလာကြမှာပါ။ ဒါကြောင့် စီးပွားရေးဟာ အရေးပါလှပါတယ်။ နိုင်ငံရေးဆိုတာဟာလည်း စီးပွားရေးနဲ့ မကင်းနိုင်ပါ။

ဒါကြောင့် လက်ရှိပြဿနာနဲ့ အကျိုးဆက်တွေကို တင်ပြပါရစေ။ လက်ရှိပြဿနာက Credit Crunch လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ပြည်သူတွေ၊ ကုမ္ပဏီတွေ နေ့စဉ်လည်ပတ်ဖို့ (ငွေချေး) ဖို့ အခက်အခဲရှိတာပါ။ ဘဏ်တွေ၊ ငွေရှင်ကြေးရှင်တွေ ပြဿနာပေါ်လာတော့ ငွေရှိသူတွေက ကြောက်လန့်ပြီး ငွေမချေးတော့ဘူး၊ ငွေလည်ပတ်မှု လျော့သွားတော့ ငွေမလည်တော့ဘူးပေါ့။

အရင်းရှင်စနစ် လွတ်လပ်တဲ့ဈေးကွက် Free Market ဆိုတာက (ချေးငွေ) Credit နဲ့ ငွေလည်ပတ်မှု Liquidity အပေါ် မူတည်နေတာကြောင့် ငွေမလည်ပတ်နိုင်ရင်၊ ငွေချေးမရရင် စီးပွားရေး ယန္တရားကြီးတခုလုံး မရပ်သွားတောင် တုံ့နှေးကုန်တာပေါ့။ မော်တော်ကား ဆီမလိုက်ရင် တွန့်ဆုတ် တွန့်ဆုတ်နဲ့ ရွှေ့နေသလို နွားလှည်းကြီး နွံနစ်နေသလိုပဲပေါ့၊ Credit Crunch ရဲ့တရားခံအရင်းက အိမ်ယာမြေဈေးကွက်။ အိမ်ဈေးတွေ မတရားတက်ပြီး ပေါက်ကွဲပြုတ်ကျတာကြောင့်ပါ။ ဒီ ပေါက်ကွဲမှုဟာ ဆပ်ပရိုင်း Sub Prime ဈေးကွက်က စခဲ့တာပါ။

ဆပ်ပရိုင်း အပိုင်း(၁) မှာ Boom & Bust, Housing Bubble, Sub Prime ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ Bust ဖြစ်တိုင်းမှာ လူတွေက ကြောက်လန့်ပြီး ငွေချေးတာ လက်တွန့်သွားပြီး ငွေမချေးကြတော့ဘူး။ အထူးသဖြင့် ဘဏ်တွေက ရဲရဲမချေးကြတော့ဘူး။ ဒါကို Credit Crunch လို့ခေါ်ပါတယ်။ ကုမ္မဏီကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိလုပ်ငန်းလည်ပတ်မှုအတွက် ငွေလိုရင် ဘဏ်တွေဆီ ပြေးချေးကြပါတယ်။ Credit Crunch ဖြစ်ခဲ့ရင် ဘဏ်တွေက ငွေ လွယ်လွယ် မချေးကြတော့ လုပ်ငန်းတွေ နှေးကွေးကုန်တာပေါ့။

ငွေမလည်တော့ လုပ်ငန်းတွေနှေး၊ ဒီတော့ အပိုလူတွေလျှော့၊ အပိုပစ္စည်းတွေ မဝယ်နိုင်ကြတော့၊ အားလုံး ရောင်းအားကျနဲ့ စီးပွားရေးနှေးကွေးမှု ဆိုတာဖြစ်ပါရော။ ဒီမှတဆင့် ၃ လပတ် ဆက်တိုက် တပြည်လုံး ထုတ်ကုန် အနုတ်လက္ခဏာပြခဲ့ရင် - စီးပွားရေးကျဆင်းမှုလို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ၆ လတိတိ တပြည်လုံး ထုတ်ကုန် ဆက်တိုက်ကျဆင်းခဲ့ရင် စီးပွားရေးကျဆုံးမှု Recession ဖြစ်ပြီပေါ့။ ဒါထက်ဆိုးခဲ့ရင် စီးပွားရေးကပ Depression ဆိုက်ပြီလို့ သတ်မှတ်ရပါမယ်။

အခု လက်ရှိအခြေအနေမှာ အမေရိကန်စီးပွားရေး အခြေအနေဟာ Recession ရောက်လုရောက်ခင် ရှိပါတယ်။ လက်ရှိ ပြဿနာကို မဖြေရှင်းနိုင်ရင် Recession ကနေ Depression အထိ ဆုတ်ယုတ်သွားနိုင်ပါတယ်။ အမေရိကန်ကတဆင့် တကမ္ဘာလုံး ပန်နှံ့ပြီးတကမ္ဘာလုံး စီးပွားရေးကပ် ဖြစ်နိုင်စရာ အန္တရာယ် ရှိပါတယ်။

ဒီတခါကျမှ ဘာကြောင့် ဒီလောက်အထိ ဒုက္ခတွေ့ရတာလဲ?

ဒီမေးခွန်းကို မဖြေခင် အမေရိကန် အရင်းရှင်စနစ်ရဲ့ အဆောက်အဦ တည်ဆောက်မှုကို နားလည်ရပါမယ်။ အမေရိကန် အရင်းရှင်စနစ်မှာ ယေဘုယျအားဖြင့် အရင်းရှင်စနစ်မှာ အရင်းရှိတဲ့ (ဘဏ်) တွေဟာ ဟိန္ဒူဘာသာက ဗရာမင် ( Brahmin) တွေလိုပါပဲ။

ဒီ ဗရာမင်ဆိုတဲ့ စကားလုံးဟာ ဘယ်အထိ အဓိပ္ပာယ် သက်ရောက်တယ် ဆိုတာကို ကျနော်ရဲ့ လက်တွေ့ ကြုံတွေ့မှုတွေနဲ့ ယှဉ်ပြီးတင်ပြပါရစေ။

ဟိန္ဒူဘာသာမှာ ဇာတ်အဆင့် ၅ မျိုး ရှိတယ်။ အမြင့်ဆုံးဇာတ်က ဗရာမင်ဖြစ်ပါတယ်။ ဗရာမင်တွေဟာ (ဇာတ်) သိပ်မြင့်တဲ့အတွက် တခြားသူတဦးကသူတို့စားတဲ့ ပန်းကန်ကို ထိမိရင်တောင် ထမင်း ဆက်မစားတော့ဘူးလို့ ဆို နိုင်ပါတယ်။

ကျနော့်ဖခင် ဦးကျော်ငြိမ်းဟာ ထိုစဉ်က Asian Socialist အာရှဆိုရှယ်လစ် အဖွဲ့အစည်းကို ကူညီတည်ထောင်ခဲ့ပါတယ်။ ဆူကာနိုတို့ အင်ဒိုနီးရှားမှာ ဒတ်ခ်ျတွေကို ပုန်ကန်စဉ်က လက်နက်ကိုင်ကူညီခဲ့ရုံမျှမက သခင်သာခင်ကိုပါ လွှတ်ပြီး ကူညီခဲ့ပါတယ်။ နီပေါမှာ ဘုရင်စံနစ်ကို ပုန်ကန်ကြတော့လည်း လက်နက်တွေ အကူအညီပေးခဲ့ပါတယ်။ မြန်မာပြည် အစိုးရအနေနဲ့ ကူညီခဲ့တာပါ။

ဒါကြောင့် အိမ်စောင့်အစိုးရခေတ်မှာ နီပေါမှာ အာရှဆိုရှယ်လစ် အစည်းအဝေးလုပ်တော့ အပြန်မှာ ဘုရားဖူးဖို့ ကျနော်တို့ (ကလေး) တွေကိုပါ ခေါ်သွားခဲ့ပါတယ်။ ဘုရားပွင့်ရာ လုမ္ပဏီဥယျာဉ်ဟာ နီပေါနိုင်ငံထဲမှာ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဧည့်သည်အနေနဲ့ လုမ္ပဏီဥယျာဉ်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ( Govemor) က နေ့လည်စာ ဧည့်ခံပါတယ်။ ကျနော်က(ကလေးပီပီ) ဘာမသိညာမသိ၊ အုပ်ချုပ်ရေးမှူးရဲ့ ထမင်းပန်းကန်ကို ထိမိရာ ထမင်းမစားတော့ပါ။ အုပ်ချုပ်ရေးမှူးက ကျနော့်ရဲ့ အဖေကို တောင်းပန်လိုက်တာ။ ဗရာမင်ရဲ့ ပန်းကန်ကို နိုင်ငံခြားဧည့်သည်တောင် မထိရပါ။

တခါ ဗုဒ္ဓဂါရာကို အသွား ဟိန္ဒူဘုရားကျောင်းတခုကို ဝင်ကြည့်ကြပါတယ်။ ဒီဘုရားကျောင်းအတွင်းမှာ အဝိုင်းပုံသဏ္ဍာန် ရေချိုးရာနေရာကိုလည်း တည်ဆောက်ထားပါတယ်။ ရေချိုးဖို့ အဆောက်အဦမှာ (ဇာတ်) အလိုက် အဆင့်ဆင့် တည်ဆောက်ထားပါတယ်။ အမြင့်ဆုံးအဆင့်က ဗရာမင်များ ချိုးပြီး ရေကို ရေမြောင်းကတဆင့် ရေခံပြီးနောက် (ဇာတ်) တွေက ချိုးရပါတယ်။ ဒီလို အဆင့်ဆင့် ရေခံပြီး စီးဆင်းစေရာ အောက်ဆုံးအဆင့် Untouchable အဆင့်ကို ရောက်တဲ့အခါ ရေဟာ ညစ်ပတ်တဲ့ ဆပ်ပြာရေ ဖြစ်နေပါပြီ။ အောက်ဆုံးအဆင့်မှ လူတွေဟာ ဗရာမင်တွေ ဘယ်လို စံစားနေတယ်ဆိုတာ မမြင်ရ (တက်ခွင့်မရှိ) ဆပ်ပြာရေတွေကိုပဲ ကျေကျေနပ်နပ် ချိုးသုံးနေတာကို မြင်ရတဲ့မြင်ကွင်းကို ဒီကနေ့အထိ မမေ့နိုင်ပါ။

အောက်ဆုံးအဆင့်ကနေ ကြည့်ရင် ဗရာမင်တွေဟာ တိမ်ညွန့်ခူးစားနေတဲ့ နတ်ဘုံ၊ နတ်နန်းက သူတွေနဲ့ တူပါတယ်။ ဝေးလွန်းတဲ့ အမြင့်ဘုံမှ (ဇာတ်) မြင့်တွေ ဖြစ်တယ်။ အမေရိကန် အရင်းရှင်စနစ်တွင် (ဇာတ်) လို လူတန်းစား အတိအကျ မခွဲထားပေမယ့် ငွေကြေးပိုင်ဆိုင်မှု ပမာဏပေါ်မူတည်ပြီး အဆင့်အတန်း ကွဲတယ်လို့ ဆိုနိုင်ပါတယ်။ အောက်ဆုံးအဆင့် လခစား (သို့) နေ့စားလုပ်သားတွေဟာ နေ့ဒဓူဝ အလုပ်ဝင်၊ အလုပ်ထွက် လခ (သို့) နေ့စားရကြတယ်။ အမြင့်ဆုံးအဆင့် လူချမ်းသာ (ဗရာမင်) တွေက ငွေပုံပေါ်ထိုင်ပြီး ငွေရှာကြတာကိုမမြင်ရမသိနိုင်ပါ။ ဒါကြောင့် Main Street လူတွေက Wall Street က လူတွေကို ငေးမျှော်ကြည့်ကြရတယ်။ ခွဲခြားမှု (ဇာတ်) ဆိုတာဘယ်စံနစ်မှာမဆို ကောင်ကျိုးမပေးပါဖူး။

အရင်းရှင်စနစ်မှာ အရေးပါတဲ့ လုပ်ဆောင်ချက် (သို့) ခံယူချက်တခု ရှိပါသေးတယ်။ ကျနော် အင်းစိန်မှာ နေခဲ့စဉ် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး တင်ပြပါရစေ။ အင်းစိန်ထောင်မှာ ကျင့်သုံးတဲ့ လုပ်ငန်းစဉ် (သို့) စံနစ်တခု ရှိပါတယ်။ လူသတ်မှု၊ ဓားပြမှု စတာတွေနဲ့ ထောင်ကျလာသူတွေကို (နှစ်ကြီးသမား) တွေလို့ ခေါ်တယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျလာသူတွေဟာ ထောင်တွင်း စားသုံးဖို့အတွက် မြေယာစိုက်တဲ့ အလုပ်တွေကို စေခိုင်းခံရတယ်။ နှစ်ကြီးသမားတွေကို (လုံချည်အပြာ) ထုတ်ပေးကာ ခွဲခြားထားတာကြောင့်
(လုံချည်ပြာ) လို့ ခေါ်ဆိုညွှန်းလေ့ရှိပါတယ်။

ရာဇဝတ်အကျဉ်းသားတိုင်း ထောင်စည်းကမ်းအရ ၂ ပတ် တခါ မိသားစုနဲ့ တွေ့ခွင့်ရကြပါတယ်။ ဒါကို (ထောင်ဝင်စာ) တွေ့တယ်လို့ ခေါ်ပါတယ်။ အကျဉ်းသားအများစုရဲ့ ဇနီး၊ သားမယား၊ ဆွေမျိုး၊ မောင်နှမ၊ မိသားစု အများစုက မရှိမဲ့ ရှိမဲ့ ငွေကလေးနဲ့ ငါးပိကြော်၊ ဆေးလိပ်၊ ဆေးပေါ့လိပ်လေးတွေနဲ့ ၂ ပတ် တခါ တွေ့ကြရပါတယ်။ ထောင်ထဲမှာ တရားဝင် ငွေ ကိုင်ခွင့်မရှိပါ၊ ဒါကြောင့် ဆေးလိပ် (ဝါ) ဆေးပေါ့လိပ်ဟာ ငွေ ဖြစ်လာတယ်။ ရာဇဝတ် အကျဉ်းသားတွေဟာ မိမိတို့ရလာတဲ့ ထောင်ဝင်စာတွေထဲက ကောင်းနိုးရာရာ အစားအစာတွေ၊ ဆေးလိပ်တွေနဲ့ လုံချည်ပြာတွေကို ပူဇော်ပါမှ နေပူထဲတွင် လုံချည်ပြာတွေရဲ့ မတရားမောင်းနှင် စေခိုင်းတဲ့ဒဏ်ကနေ သက်သာရာရပါတယ်။

ထောင်ဝင်စာ မတွေ့နိုင်သူ၊ ခိုကိုးရာမဲ့နေသူ အကျဉ်းသားတွေအဖို့တော့ တရိစ္ဆာန် တကောင်အလား အမောင်းခံရဖို့ပဲ ရှိပါတော့တယ်။ အကျဉ်းသားတယောက်ကို မြိုးမြိုးမြက်မြက်လေး ခေါင်းပုံဖြတ်ပြီးတဲ့ လုံချည်ပြာ တယောက်ဟာ အဲဒီအကျဉ်းသားကို လက်ညိုးထိုးပြီး တခြား လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ စသည်ဖြင့် လက်လွှဲရောင်းစားလေ့ရှိပါတယ်။ အကျဉ်းသား မှန်မှန် လက်ခံရရှိတဲ့ ပမာဏ ထောင်ဝင်စာပေါ် မူတည်ပြီး ဈေးသတ်မှတ်ကြတယ်။

ဤထောင်တွင်းစနစ်ဟာ လူလူချင်း ခေါင်းပုံဖြတ်တဲ့ စံနစ်ဖြစ်တယ်။ ဒီစံနစ်မှာ (ဝင်ငွေ) ဟာ ထောင်ဝင်စာပမာဏ ဖြစ်တယ်။

အရင်းရှင်စနစ်ဟာ ငွေသားအပေါ်မှာ ခေါင်းပုံဖြတ်ခြင်း ဖြစ်တယ်။ ထောင်ထဲမှာ အကျဉ်းသား တယောက်ဟာ သူ မသိဘဲ လုံချည်ပြာတယောက်က နောက် လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ်နဲ့ တန်ဖိုးဖြတ်ပြီး အရောင်းစားခံရသလိုမျိုး အရင်းရှင်စနစ်မှာ (Loan) လို့ ခေါ်တဲ့ ငွေချေးစာချုပ်ကို အရင်းရှင်တယောက်ကနေ နောက်အရင်းရှင်တယောက်ဆီကို လက်လွှဲရောင်းခံရပါတယ်။ ဥပမာ - ကျနော်က အိမ်ဝယ်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်း ချေးပြီး တလမှာ ၂ဝဝဝ ပေးဆပ်ရတယ် ဆိုပါစို့။ ကျနော့်ကို ချေးတဲ့ ABC ဘဏ်က နောက်ဘဏ်တခုကို (ကျနော်သိစရာ မလိုဘဲ) ရောင်းစားလိုက်ပါမယ်။ အဲဒီဘဏ်က ကျနော်တို့လိုပဲ Loans တွေကို ပေါင်းစပ်ပြီး၊ တခါ နောက်တဆင့် MBS ( Mortage Back Securities) အဖြစ် ရောင်းစားလိုက်ပါမယ်။ နောက်တဆင့် ပိုပြီး အရင်းရှိသူ MBS တွေကို တခြား Securities Bonds တွေနဲ့ ရောပြီး နောက်တဆင့် ရောင်းစားပြန်ပါတယ်။ အခုလို အဆင့်ဆင့် ရောင်းစားခံရတာကို အောက်ဆုံးအဆင့် ငွေချေးသူ (ကျနော်) က ဘာမှ မသိလိုက်ရပါ။ ဒါကြောင့် အမေရိကန် အရင်းရှင်စနစ်ကို ဟိန္ဒူ (ဇာတ်) နဲ့ နှိုင်းပြီး ဥပမာ ပေးရတာဖြစ်ပါတယ်။ (မှတ်ချက်။ ။ နဲ့ တခြား အခေါ်အဝေါ်တွေကို ရှေ့ မှာရှင်းပြပါမယ်။)

အရင်းရှင်စနစ်မှာ ငွေရှိသူ၊ ငွေရင်းသူတွေဟာ ဗရာမင်တွေလို ထိပ်ဆုံးအဆင့်မှာ ရှိတာကြောင့် Banker လို့ ခေါ်တဲ့ ဘဏ်လုပ်ငန်းရှင် (သို့) ဘဏ်ထိပ်ကဲတွေဟာ အရင်းရှင်စနစ်မှာ သြဇာအကြီးမားဆုံးလို့ ဆိုနိုင်ပါတယ်။ အရင်းရှင်စနစ်မှာ ဘဏ် နှစ်မျိုးနှစ်စား ရှိပြန်တယ်။ Commercial Bank လို့ ခေါ်တဲ့ ပြည်သူတွေနဲ့ အလုပ်လုပ်တဲ့ ဘဏ်နဲ့ Investment Bank ဘဏ်ဆိုပြီး ဖြစ်တယ်။ ဘဏ်စနစ်ရဲ့ အခြေခံက (လူတွေ) Customers တွေက ဘဏ်မှာ ငွေအပ်နှံကြပါတယ်။ ဘဏ်ကအတိုးနဲနဲပေးပြီး ငွေပေးယူခ ဝန်ဆောင်ခ Service Fees စားပါတယ်။ ဒီစုငွေတွေကို စုပေါင်းပြီး ဘဏ်က လုပ်ငန်းရှင် Business People တွေကို အတိုးနဲ့ ငွေချေးပါတယ်။ ဘဏ် အကြီးအသေးပေါ် မူတည်ပြီး Community Bank ရက်ကွက်ဘဏ်၊ Regional Bank ဒေသပြည်နယ်ဘဏ်၊ National Bank တပြည်လုံးဆိုင်ရာဘဏ်၊ International Bank အပြည်ပြည်ဆိုင်ရာဘဏ်ဆိုပြီး ကြီးစဉ်ငယ်လိုက် တည်ရှိကြပါတယ်။

ဒီဘဏ်တွေဟာ ပြည်သူတွေရဲ့ ငွေတွေကို လက်ခံပြီး ငွေလည်ပတ်မှု လုပ်တာကြောင့် အစိုးရက ထိန်းကွပ်မှု (Regulation) အတိုင်း လိုက်နာရပါတယ်။ အရမ်းကာရော နားလည်မှုနဲ့ ချေးရင် ရှုံးးပြီး ဒုက္ခမရောက်ရအောင်ပါ။ ဘဏ်မှာငွေစာရင်း ဖွင့်သူတိုင်းအတွက် အမေရိကန်ဒေါ်လာ တသိန်းကို အစိုးရအဖွဲ့စည်း FDIC က အာမခံပေးထားပါတယ်။ ဘဏ်တခု ဒုက္ခရောက်မယ်ထင်ရင် FDIC က ဝင်ပြီး ဘဏ်ကို ထိန်းကွပ်ရောင်းပစ် နိုင်ပါတယ်။ ပြည်သူတွေဆီက Deposit ငွေလက်ခံပြီး ချေးတာ ဘဏ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိတယ်။ ဒီပြည်သူတွေဆီက Deposit လက်ခံပြီး ငွေချေးတဲ့ ဘဏ်တွေကို Commercial Bank လို့ ခေါ်ပါတယ်။

လက်လုပ်လက်စား၊ လခစား ပြည်သူတွေနဲ့ ထိတွေ့မှု လုံးဝ မရှိတဲ့ ဘဏ်တမျိုး ရှိပါသေးတယ်။ ဒီဘဏ်တွေကို Investment Bank ငွေရင်းရှာဘဏ်လို့ ခေါ်ပါတယ်။ ၁၉၂၄ ခုနှစ် ဥပဒေအရ Investment Bankု နဲ့ Commercial Bank တို့ကို ပေးမရောပါ။ ၁၉၉၉ ခုနှစ် သမ္မတ ကလင်တန် လက်ထက်မှာ ဥပဒေအသစ်အရ ဒီဘဏ် ၂ မျိုး ရောခွင့်ရသွားပါတယ်။ ဒီကနေ့ ပြဿနာ ကြီးမားရခြင်းမှာ ဒီဘဏ် ၂ မျိုး ရောခွင့်ရလို့ ပိုမိုရှုပ်ထွေးကုန်ခြင်း ဖြစ်တယ်။

Investment Bank ဆိုသည်မှာ ငွေရင်းကို ရှာပေးသောဘဏ် ဖြစ်သည်။ ငွေရင်းကို ဘယ်ကရှာရမှာလဲ?

အရင်းရှင် ဗရာမင်တွေ ရဲလောကမှာ ထိပ်ဆုံးမှ အချမ်းသာဆုံး ပုဂ္ဂိုလ် (သို့) မဏ္ဍိုင်တွေမှာ -

၁။ Independently Wealthy (အမှီအခိုမရှိ တသီးတခြား ချမ်းသာသူတွေ)

၂။ Pension Funds & Mutual Funds (ပင်စင်ငွေစုတွေနဲ့ အများစု ငွေစုတွေ)

၃။ Insurance Companies (အာမခံ ကုမ္ပဏီကြီးတွေ) ဖြစ်တယ်။

ကျနော်တို့ မြန်မာနိုင်ငံတွင် ငွေ ရှိလာပါက ရွှေ၊ စိန်၊ ကား၊ တိုက်ဝယ်ပြီး ငွေများကို ပိုက်ထားကာ အတိုးပေးစားတာလောက်ပဲ ရှိကြပါသည်။ မိမိ၌ ရှိပြီးသားငွေများမှ ငွေထပ်ပေါ်ရန် လမ်းကြောင်း သိပ်မရှိလှပါ။ အရင်းရှင်စနစ်တွင် ငွေရှိရင် ဒီငွေမှ ငွေထပ်ပေါ်အောင် (ရင်းနှီး) Investment လမ်းကြောင်းတွေ ရှိကြပါတယ်။ ဒါကြောင့် ကျိကျိတက် ချမ်းသာလာကြတဲ့ ဘီလ်ဂိတ်၊ ရော်ကီဖဲလား၊ ကနေဒီ၊ ဂျေပီမော်ဂန်တို့လို ပုဂ္ဂိုလ်တွေဟာ Trust Fund တွေ ထောင်ပြီး Professional Money Managers လို့ ခေါ်တဲ့ ကြေးစား ငွေကြေးစီမံခန့် ခွဲမှု မန်နေဂျာတွေကို လွှဲထားကြပါတယ်။ အင်တာနက် တဟုန်ထိုးတက်ချိန် Internet Boom ၊ အခုအခါ အိမ်ယာမြေ တဟုန်ထိုးတက်ချိန် Housing Boom တွေမှာ ချမ်းသာလာကြတဲ့ ခေတ်သစ်သူဋ္ဌေးတွေကလည်း Money Manager တွေကိုပင် အပ်နှံပြီး အရင်းရှာ၊ ငွေရှာ (Invest) လုပ်ကြပါတယ်။

အရင်ခေတ်တွေက အလုပ်သမားတယောက်ရဲ့ လုပ်သက်တလျှောက် နောင်မှာ ပင်စင်ယူနိုင်ဖို့ လစဉ်မှန်မှန် လခကနေ ဖြတ်ပြီး ငွေစု ကြရပါတယ်။ ကုမ္ပဏီကြီးတွေကသော်လည်းကောင်း၊ အစိုးရအလုပ်သမားဖြစ်ရင် အစိုးရကသော်လည်းကောင်း၊ အချိုးကျ လုပ်သားတဦးစီ ပင်စင်အတွက် လစဉ်မှန်မှန် ထပ်ဖြည့်ဆည်းပေးရပါတယ်။ ဒီအလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေက Professional Money Manager တွေကို ငှားပြီး ရင်းနှီးကာ ငွေတိုးပွားအောင် လုပ်ဆောင်ကြရပါတယ်။

အခုနောက်ပိုင်း ခေတ်တွေမှာ ပင်စင်အစား ၄ဝ၁ (K) လို့ ခေါ်တဲ့ စုငွေနည်းစနစ်အသစ် ပေါ်လာပါတယ်။ အရင်စံနစ်အရအလုပ်သမားတယောက်ဟာ ကြိက်သည်ဖြစ်စေ၊ မကြိက်သည်ဖြစ်စေ မိမိရဲ့စုငွေဟာ မိမိနဲ့ ဆိုင်ရာ ပင်စင်စုဆောင်းရာ Pension Funds ကိုပဲ ပေးသွင်းရပါတယ်။ ၄ဝ၁ (K) စနစ်မှာ အလုပ်သမားတယောက်ဟာ မိမိကျေနပ်ရာ Mutual Funds ကို ရွေးချယ်နိုင်ခွင့်ရှိပါတယ်။ Mutual Funds ဆိုတာ ရင်းနှီးမှုကို ကျွမ်းကျင်တဲ့ Investment Bank အရင်းအနှီးဘဏ်တွေက ဖွဲ့စည်းထားတဲ့ ငွေစုအဖွဲ့တွေဖြစ်တယ်။ Mutual Funds တွေက သုံးလ တကြိမ် မိမိတို့ရဲ့ ငွေကြေးပမာဏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အစီရင်ခံစာတွေကို ထုတ်ဝေရပါတယ်။ တချို့က Mutual Funds တွေက မစွန့်စား၊ အမြတ်နည်းနည်းနဲ့ ပုံမှန်တိုးတက်မှုကို ရည်စူးတယ်။

တချို့က စွန့်စွန့်စားစား ရင်းရဲတယ်။ အမြတ်များနိုင်သလို ရှုံးးလည်းရှုံးးနိုင်တယ်။ တချို့က အာရှနိုင်ငံတွေ (ဥပမာ တရုတ်ပြည်ကြီး) မှ ကုမ္ပဏီတွေမှာ ရင်းနှီးမယ် စသည်ဖြင့် ခွဲခြား၊ ထူးခြားမှုလေးတွေ ရှိပါတယ်။ မိမိကုမ္ပဏီ (သို့) အစိုးရနဲ့ နားလည်မှုရှိတ Mutual Funds တွေကနေ ကြိက်ရာကို ရွေးချယ်နိုင်ပါတယ်။

အာမခံကုမ္ပဏီတွေဟာ ခေတ်အဆက်ဆက် အာမခံငွေတွေကို ရင်းနှီးခဲ့ကြတာကြောင့် အရင်းအနှီး ရှိပြီးတဲ့ ငွေပုံပေါ် ထိုင်နေသူတွေ ဖြစ်ကြတာကြောင့် ငွေရှိကြပါတယ်။

ဒီလို ငွေရှိသူတွေကနေ အရင်းအနှီးရှာပေးတဲ့ ဈေးကွက်ကို ငွေကြေးအရင်းအနှီး ဈေးကွက် Capital Market လို့ ခေါ်ပါတယ်။ နယူးရောက်မြို့ ဝေါ်လ်စထရိနဲ့ လန်ဒန် ငွေကြေးဈေးကွက် London Financial Market ဟာ ငွေရင်းဈေးကွက်မှာ ထိပ်က ပြေးနေကြပါတယ်။

Stocks & Bonds ဆိုတာ ဘာလဲ?

ရင်းနှီးမြုပ်နှံမှုပြုမယ်ဆိုရင Stocks & Bonds တွေကို နားလည်လို့ မရပါ။

Stock ဆိုတာ ဘာလဲ?

ကျနော်က စီးပွားရေးလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်ကူကူ ပလပ်စတစ်အိတ်တွေ ထုတ်တဲ့ လုပ်ငန်းလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်တွေးနိုင်အောင် ချမ်းသာတဲ့မိတ်ဆွေ သော်လည်းကောင်း ဘဏ်ကသော်လည်းကောင်း ငွေ ၅ သိန်းကို သုံးရစ်ထုတ် ချေးပြီး စက်ရုံး တည်တယ် ဆိုပါစို့။ တနှစ်၊ တနှစ်ခွဲ အကြာမှာ ကျနော့်ဆီက ဝယ်မယ့်သူ အယောက် ၂ဝ လောက် ဖြစ်လာလို့ နောက်ထပ် Customer ၁ဝ ယောက်လောက် အလားအလာရှိနေပြီ။ ပြိုင်ဘက်တွေထက်သာဖို့ စက်အသစ်တွေ ဝယ်ရမယ်။ ပစ္စည်းသစ်တွေ ထုတ်ရမယ်၊ အရောင်းသမားတွေ ထပ်ငှားရမယ်၊ စက်လည်မယ့်သူ အင်ဂျင်နီယာအသစ်တွေ ထပ်ငှားရမယ်၊ အလားအလာလည်း ကောင်းနေပြီ၊ ငွေတ သန်းခွဲ ထပ်လိုတယ်ဆိုပါတော့။

ဘဏ်က အတိုးများတယ်၊ သူငယ်ချင်းကလည်း ငွေ မပိုတော့ဘူး၊ ဘာလုပ်မလဲ။ အရင်းရှင်စနစ်မှာဆိုရင် မိမိရဲ့ ပိုင်ဆိုင်မှုကို မျှဝေပြီး ငွေဖော်နိုင်၊ ရောင်းနိုင်ပါတယ်။ မိမိရဲ့ လုပ်ငန်း ငွေ အဝင်အထွက်၊ အင်အား၊ အလားအလာကို ကြည့်ပြီး Investment Banker တွေက
ဈေးကွက်ကိုကြည့်ပြီး ဈေးသတ်မှတ် ပေးလိမ့်မယ်။ လွယ်လွယ်နဲ့ နားလည်အောင် ပြောရရင် ဒီ Investment Bank ကပဲ ဦးစီးပြီး Stock တွေကို ဖော်ထုတ်ရောင်းပေးပါလိမ့်မယ်။ ဒါကို Stock offering လို့ ခေါ်ပါတယ်။ ပထမဆုံး Stock စရောင်းတာကို IPO (Initial Public offering) လို့
ခေါ်ပါတယ်။ ဈေးသိပ်ကြီးရင် လူမဝယ်ဘူး။ ဈေးသိပ်နိမ့်ရင်လည်း ကိုယ်နာတယ်။ ဒါကြောင့် ဒါတွေဟာ ပညာသား ပါလှတယ်။

တကယ်လို့ မိမိရဲ့ စတော့@(Stock) တခုကို ၁၅ ဒေါ်လာနဲ့ ရောင်းမယ်။ Stock ပေါင်း တသိန်း ထုတ်မယ်ဆိုရင် လိုတဲ့ ငွေ တသန်းခွဲ ရပြီမို့ လုပ်ငန်း ပိုမို တိုးချဲ့ နိုင်ပြီပေါ့။ Stock ဝယ်တဲ့ သူကတော့ စွန့်စားမှု ရှိတယ်ပေါ့။ ဒီကုမ္ပဏီ အောင်မြင်ရင် မိမိဝယ်ရင်းလိုက်တဲ့ စတော့တွေက ဈေးတက်ရင် မြတ်ပြီ၊ မအောင်မြင်ရင် ရှုံးးပြီပေါ့။ Stock ဝယ်ရင်ကုမ္ပဏီရဲ့ တစိတ်တဒေသကို ဝယ်ယူတာနဲ့ အတူတူပါပဲ။

Bond ဆိုတာဘာလဲ။

Bond ဆိုတာက အာမခံနဲ့ ငွေချေးတာပါပဲ၊ အစိုးရကဖြစ်စေ၊ ကုမ္ပဏီတခုက ဖြစ်စေ ငွေလိုတဲ့အခါ Bond ထုတ်ပြီး အများလူထုဆီက ငွေချေးခြင်းပါပဲ၊ ဥပမာ ဗာဂျီးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး က တံတားတခု ဆောက်လိုတယ်။ ဒေါ်လာ (၁ဝ သန်း) ကုန်မယ်၊ အဲဒီအတွက် ဗာဂျီးနီးယား အစိုးရက အများလူထုကို Bond ထုတ်ရောင်းနိုင်ပါတယ်။ Bond မှာ ရေတို - တနှစ်အတွင်း ပြန်ဆပ်ရတာ။ အလယ်အလတ် - ၁ဝ နှစ်ပြည့်မှ ပြန်ဆပ်ရတာ။ ရေရှည် - ၁ဝ နှစ် အထက်မှာ ဆပ်ရတာတွေ ရှိပါတယ်။ ကူပွန် Coupon ဆိုတာက Bond ရဲ့ အတိုးနှုန်းပါ။ အကြမ်းအားဖြင့် Bond တခုကို ဒေါ်လာ တထောင်တန်လေ့ ရှိတယ်။ အမေရိကားမှ တနှစ်မှာ နှစ်ကြိမ် အတိုးပေးပြီး၊ ဥရောပမှာတော့ တနှစ်မှာ တကြိမ်ဘဲ ပေးလေ့ရှိတယ်။

ဒီ Stocks & Bonds တွေကို Securities လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သတိပြုစေချင်တာက Bond ဆိုတာက ငွေချေးစာရွက်ပါပဲ။ အတိုးပဲ စားရပါတယ်။ Stock ကတော့ ပိုင်ဆိုင်မှု ဖြစ်တာကြောင့်ရှုံးးနိုင်၊ မြတ်နိုင်ပါတယ်။ ကျနော် Cisco မှာ လုပ်ခဲ့စဉ်က Cisco Stocks တွေဟာ ၈ လတိုင်းမှာ ၂ ဆ ဖြစ်သွားပါတယ်။ ပြုတ်ကျတော့ ဝုန်းဆို ၁ဝဝ ကနေ ၁ဝ ဖြစ်သွားတယ်။

Bonds တွေမှာ ရှုပ်ထွေးတဲ့ Bonds တွေ ရှိပါသေးတယ်။ ဒီနေရာမှာ သိသင့်တာကတော့ Assets Back Securities ဆိုတာက တခြားကဝင်တဲ့ ဝင်ငွေအပေါ် မူတည်ပြီး အရင်းနဲ့ အတိုးကိုပေးတဲ့ Bonds ကို ဆိုလိုတာပါ။ ဥပမာ ရှေ့ မှာ ရေးခဲ့တဲ့ အိမ်ကို ဝယ်ဖို့ဆိုရင် ABC ကုမ္ပဏီက ငွေ တသိန်း ချေးတယ်။ ဒီချေးငွေတွေကို ABC က Freddie Mac (သို့မဟုတ်) ဘဏ် XYZ ကို ရောင်းလိုက်ပါတယ်။

ဘဏ် XYZ က ဒီလို ချေးငွေပေါင်း ၁ဝဝ ကို မှီပြီး Bonds ပြန်ရောင်းရင် ဒီ Bonds ဟာ အိမ်ကို မှီပြီး ထုတ်တာကြောင့် Mortgage Back Securities (MBS) လို့ ခေါ်ပါတယ်။ MBS အပြင် ကျန် Securities တွေလည်း ရှိပါသေးတယ်။ ထို့နည်းတူစွာပဲ ကျနော်တို့ရဲ့ ကားကြွေး၊ ဗီဇာကဒ်၊ မာစတာကဒ် အကြွေးတွေကို မှီပြီး တခြား Securities အဖြစ် Public အများလူထုကို ပြန်ရောင်းနိုင်ပါသေးတယ်။

အင်းစိန်ထောင်မှာ လုံချည်ပြာက ထောင်ဝင်စာပေါ် မူတည်ပြီး အကျဉ်းသားကို လုံချည်ပြာ အချင်းချင်း ဆေးလိပ်နဲ့ ရောင်းစားတယ်။ ကျနော်တို့ရဲ့ ချေးငွေ Loans က ရတဲ့ ဝင်ငွေနဲ့ အမြတ်ပေါ် မူတည်ပြီး ဘဏ်တွေက အချင်းချင်း ပြန်ရောင်းစားခြင်းပါပဲ။ ဒါကြောင့် အဆင့်ဆင့် အမြတ်ထုတ်ကြတာကြောင့် ဟိန္ဒူဘာသာက ဇာတ်တွေအတိုင်း အဆင့်ဆင့် ရှိကြပါတယ်။

ပြဿနာပေါ်လာပြီဟေ့။

အခု လက်ရှိပြဿနာတွေဟာ MBS က အရင်းတည်လာတာပါ။ သပွတ်အူလို ရှုပ်ထွေးတာတွေကို နောက်ဆုံး ပြီးခဲ့တဲ့ စက်တင်ဘာလ အကုန်လောက်မှာ အမေရိကန်စီးပွားရေးအတွက် တာဝန်ရှိတဲ့
အမေရိကန် ဗဟိုဘဏ် ဖက်ဒရယ် ရီဇပ်(ဗ်) Federal Reserve မှ ဥက္ကဋ္ဌ မစ္စတာ ဘာ(လ်)နမ်ကီ Mr. Benanke နဲ့အမေရိကန် အစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာပေါ(လ်)စင် MR. Paulsen တို့ နှစ်ယောက် ဘဏ်နဲ့ စီးပွားရေး မဏ္ဍိုင်တခုချင်းကို ရွေးကယ်ရုံးနှင့် မလောက်တော့ဘူး၊ အခြေအနေဆိုးနေပြီ၊ Comprehensive Plan လို့ခေါ်တဲ့ ပြဿနာရဲ့ ကဏ္ဍတခုလုံးကို ကိုင်တွယ်ဖြေရှင်းမှဆိုပြီး အမေရိကန်ကွန်ကရက်ကို တင်ပြခွင့် တောင်းလာပါတယ်။

ဒီလို ပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝဝ (သန်းပေါင်း ၇ သိန်း) ကုန်ကျစရာရှိတာကြောင့် အမေရိကန် ကွန်ကရက် အမတ်တွေကို သုံးစွဲခွင့် ဥပဒေ ပြုပေးဖို့ တောင်းဆိုလာပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့က မဲခွဲရာမှာ အမေရိကန် အောက်လွှတ်တော်မှာ ကန့်ကွက်မဲ ၂၂၈ မဲ၊ ထောက်ခံမဲ ၂ဝ၅ မဲနဲ့ ရှုံးနိမ့်သွားပါတယ်။

လက်ရှိပြဿနာဟာ အင်မတန်မှ ရှုတ်ထွေးတာကြောင့် သာမန်လမ်းပေါ်က အမေရိကန်လည်း
နားမလည်နိုင်ကြပါဘူး။ ဒါကြောင့် Wall Street ဝေါလ်စထရိ က ငွေရှင် သူဋ္ဌေးတွေကို ဘာကြောင့် ပြည်သူပိုင်တဲ့ အစိုးရဘဏ္ဍာငွေနဲ့ ကူညီရမှာလဲဆိုပြီး စိတ်တိုလျက် ရှိကြပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်လို့ခေါ်တဲ့ အောက်လွှတ်တော် အမတ်တွေဟာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ ပြည်သူနဲ့ မကင်းဝေးသွားအောင် ၂ နှစ် တကြိမ် ပြည်သူ့ရှေ့မှာ ပြန်လည်အရွေးခံကြရပါတယ်။

ဖြစ်ချင်တော့ နိုဝင်ဘာလ ၄ ရက်မှာ ရွေးကောက်ပွဲ ရှိပါတယ်။ ဝေါလ်စထရိက ငွေရှင်၊ ကြေးရှင် တွေကို ကူရကောင်းလားလို့ အမျက်ထွက်နေတဲ့ ပြည်သူတွေက ဒဏ်ခတ်မှာ ကြောက်လို့တကြောင်း၊ ဈေးကွက်စီးပွားရေးမှာ အစိုးရက ဝင်မစွက်ရဘူး ဆိုတဲ့ တယူသန် ရှိကြတဲ့ လက်ျာ တဖက်စွန်းရောက် အောက်လွှတ်တော် အမတ်တွေကြောင့်တကြောင်း လက်ရှိဥပဒေ အဆိုပြချက်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။

လက်ငင်း အကျိုးဆက်က အမေရိက Dow Jones စတော့ ဈေးကွက်ဟာ ၇၇၇ ပွိုင့် ထိုးကျဆုံးရှုံးးခဲ့ပါတယ်။ ၉/၁၁ ဖြစ်ပြီးနောက် စက်တင်ဘာလ ၁၇ ရက်၊ ၂ဝဝ၁ ခုနှစ်မှာ တနေ့တာ ကျဆုံးရှုံးခြင်း ၇၂၁ ဒဿမ ၆၅ ပွိုင့်ထက် ပိုပါတယ်။ ဆိုလိုတာက အရင်းရှင် (သို့) ငွေကြေးမှုပ်နှံသူတွေက အမေရိကန်ကုမ္ပဏီတွေနဲ့ အမေရိကန်ဈေးကွက်ကို အယုံအကြည်မရှိဘူး၊ မသေချာ မရေရာတဲ့ စီးပွားရေး အခြေအနေကြောင့် သူတို့ပိုင်ဆိုင်တဲ့ စတော့တွေကို ထုတ်ရောင်းမှုကြောင့် စတော့ဈေးတွေ ကျရတာပါ။ ဒီ စတော့ (ှအသခု) ဈေးတွေ ကျဆုံးမှုဟာ လက်ရှိ Credit Crunch ပြဿနာကို ပိုမိုဆိုးဝါးစေပါတယ်။ ဘဲဥအစ ရှာမရသလို ပြဿနာတွေက ရွာလည်နေပါတယ်။

လက်ရှိ အမေရိကန်ရဲ့ စီးပွားရေးပြဿနာဟာ လောလောဆယ် အခြေအနေမှာ ဝေါလ်စထရိ
လို့ ခေါ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အမေရိကန် ဗရာမင် (Brahmin) တွေလို့ တင်စားရမယ့် ထိပ်ဆုံး ငွေရှင်ကြေးရှင်တွေကိုပဲ ဆိုးဆိုးဝါးဝါး ထိခိုက်လျက် ရှိပါတယ်။ ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် Main Street လို့ခေါ်တဲ့ လမ်းပေါ်က လူတွေကိုပါ မကြာခင် ထိခိုက်လာနိုင်တဲ့အပြင် အမေရိကန်စီးပွားရေး တခုလုံးပါ
ချွတ်ခြုံ ကျသွားနိုင်တယ်။ လက်ရှိပြဿနာဟာ ၁၉၃ဝ ခုနှစ်များမှာ ဖြစ်ခဲ့တဲ့ The Great Depression လို့ ခေါ်တဲ့ အဆိုးဆုံး စီးပွားရေးကပ်ကြီးအပြီး အဆိုးရွားဆုံး စီးပွားရေးဒုက္ခလို့ ဆိုနိုင်ပါတယ်။ အမေရိကန်အစိုးရက ဒီပြဿနာကို မကိုင်တွယ်နိုင်ရင် မကြာခင် တကမ္ဘာလုံး ပြန့်နှံ့ပြီး ကမ္ဘာ့ စီးပွားရေးကပ်ဆိုက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ဟာ ကြီးမားလှပါတယ်။

ဒီလောက်ကြီးမားတဲ့ ပြဿနာကို လက်တွေ့ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံမှာတောင် အများစု လက်ရှိ လုပ်ကိုင်စားသောက်နေကြတဲ့ သာမန်လမ်းပေါ်က လူတွေကိုယ်၌က ပြဿနာရဲ့ အရင်းနဲ့ ရှုပ်ထွေးဆက်စပ်နေကြပုံကို ကျကျနန မသိတာကြောင့် ဘယ်လောက် အန္တရာယ်ကြီးမားတယ် ဆိုတာကို မသိရှာသေးကြပါဘူး။ ပြဿနာကလည်း အဆင့်ဆင့် ရှုပ်ထွေးလည်ပတ်နေကြတာကြောင့် စီးပွားရေးကို စိတ်ဝင်စားသူလိုက်စားသူ မဟုတ်ရင် အသေးစိတ် ရှင်းရှင်းလင်းလင်း သိရန် မလွယ်ကူလှပါ။ သုံးစွဲတဲ့ အသုံးအနှုံးများမှာလည်း ကြားနေကျ အသုံးအနှုံးများ မဟုတ်ပါ။ ဒါပေမဲ့ ပြဿနာကို မသိလို့ မရတော့ပါ။

အသေအချာ လေ့လာရင်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီပြဿနာအားလုံးဟာ ဒေါ်လာပြဿနာ၊ ရေနံပြဿနာ၊ ဆန်ပြဿနာတို့ အားလုံးနဲ့ ဆက်စပ် ငြိတွယ်နိုင်ပါတယ်။ ဒါကြောင့် ဓာတ်ဆီဈေးတွေ တက်၊ ကားတွေ ရှိပြီး ကားတွေရပ်ထားတဲ့ အခြေအနေနဲ့ ကြုံကြရတယ်။ ဆန်ဈေးတက်တော့ လူတွေ ထမင်းမဝတော့ဘူးပေါ့။ ဒါ့အပြင် နောင်တခေတ် မြန်မာပြည်ကြီးကို ထူထောင်ရမယ့် မြန်မာလူငယ်လေးတွေကို သတိပြုစေချင်တာက နိုင်ငံတနိုင်ငံမှာစီးပွားရေး ခေါင်းထောင်မှ တိုင်းပြည်ရော၊ ပြည်သူပါ ချမ်းသာလာကြမှာပါ။ ဒါကြောင့် စီးပွားရေးဟာ အရေးပါလှပါတယ်။ နိုင်ငံရေးဆိုတာဟာလည်း စီးပွားရေးနဲ့ မကင်းနိုင်ပါ။

ဒါကြောင့် လက်ရှိပြဿနာနဲ့ အကျိုးဆက်တွေကို တင်ပြပါရစေ။ လက်ရှိပြဿနာက Credit Crunch လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ပြည်သူတွေ၊ ကုမ္ပဏီတွေ နေ့စဉ်လည်ပတ်ဖို့ (ငွေချေး) ဖို့ အခက်အခဲရှိတာပါ။ ဘဏ်တွေ၊ ငွေရှင်ကြေးရှင်တွေ ပြဿနာပေါ်လာတော့ ငွေရှိသူတွေက ကြောက်လန့်ပြီး ငွေမချေးတော့ဘူး၊ ငွေလည်ပတ်မှု လျော့သွားတော့ ငွေမလည်တော့ဘူးပေါ့။ အရင်းရှင်စနစ် လွတ်လပ်တဲ့ဈေးကွက် Free Market ဆိုတာက (ချေးငွေ) Credit နဲ့ ငွေလည်ပတ်မှု Liquidity အပေါ် မူတည်နေတာကြောင့် ငွေမလည်ပတ်နိုင်ရင်၊ ငွေချေးမရရင် စီးပွားရေး ယန္တရားကြီးတခုလုံး မရပ်သွားတောင် တုံ့နှေးကုန်တာပေါ့။ မော်တော်ကား ဆီမလိုက်ရင် တွန့်ဆုတ် တွန့်ဆုတ်နဲ့ ရွှေ့နေသလို နွားလှည်းကြီး နွံနစ်နေသလိုပဲပေါ့၊ Credit Crunch ရဲ့တရားခံအရင်းက အိမ်ယာမြေဈေးကွက်။ အိမ်ဈေးတွေ မတရားတက်ပြီး ပေါက်ကွဲပြုတ်ကျတာကြောင့်ပါ။ ဒီ ပေါက်ကွဲမှုဟာ ဆပ်ပရိုင်း Sub Prime ဈေးကွက်က စခဲ့တာပါ။

ဆပ်ပရိုင်း အပိုင်း(၁) မှာ Boom & Bust, Housing Bubble, Sub Prime ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ Bust ဖြစ်တိုင်းမှာ လူတွေက ကြောက်လန့်ပြီး ငွေချေးတာ လက်တွန့်သွားပြီး ငွေမချေးကြတော့ဘူး။ အထူးသဖြင့် ဘဏ်တွေက ရဲရဲမချေးကြတော့ဘူး။ ဒါကို Credit Crunch လို့ခေါ်ပါတယ်။ ကုမ္မဏီကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိလုပ်ငန်းလည်ပတ်မှုအတွက် ငွေလိုရင် ဘဏ်တွေဆီ ပြေးချေးကြပါတယ်။ Credit Crunch ဖြစ်ခဲ့ရင် ဘဏ်တွေက ငွေ လွယ်လွယ် မချေးကြတော့ လုပ်ငန်းတွေ နှေးကွေးကုန်တာပေါ့။

ငွေမလည်တော့ လုပ်ငန်းတွေနှေး၊ ဒီတော့ အပိုလူတွေလျှော့၊ အပိုပစ္စည်းတွေ မဝယ်နိုင်ကြတော့၊ အားလုံး ရောင်းအားကျနဲ့ စီးပွားရေးနှေးကွေးမှု ဆိုတာဖြစ်ပါရော။ ဒီမှတဆင့် ၃ လပတ် ဆက်တိုက် တပြည်လုံး ထုတ်ကုန် အနုတ်လက္ခဏာပြခဲ့ရင် - စီးပွားရေးကျဆင်းမှုလို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ၆ လတိတိ တပြည်လုံး ထုတ်ကုန် ဆက်တိုက်ကျဆင်းခဲ့ရင် စီးပွားရေးကျဆုံးမှု Recession ဖြစ်ပြီပေါ့။ ဒါထက်ဆိုးခဲ့ရင် စီးပွားရေးကပ Depression ဆိုက်ပြီလို့ သတ်မှတ်ရပါမယ်။

အခု လက်ရှိအခြေအနေမှာ အမေရိကန်စီးပွားရေး အခြေအနေဟာ Recession ရောက်လုရောက်ခင် ရှိပါတယ်။ လက်ရှိ ပြဿနာကို မဖြေရှင်းနိုင်ရင် Recession ကနေ Depression အထိ ဆုတ်ယုတ်သွားနိုင်ပါတယ်။ အမေရိကန်ကတဆင့် တကမ္ဘာလုံး ပန်နှံ့ပြီးတကမ္ဘာလုံး စီးပွားရေးကပ် ဖြစ်နိုင်စရာ အန္တရာယ် ရှိပါတယ်။

ဒီတခါကျမှ ဘာကြောင့် ဒီလောက်အထိ ဒုက္ခတွေ့ရတာလဲ?

ဒီမေးခွန်းကို မဖြေခင် အမေရိကန် အရင်းရှင်စနစ်ရဲ့ အဆောက်အဦ တည်ဆောက်မှုကို နားလည်ရပါမယ်။ အမေရိကန် အရင်းရှင်စနစ်မှာ ယေဘုယျအားဖြင့် အရင်းရှင်စနစ်မှာ အရင်းရှိတဲ့ (ဘဏ်) တွေဟာ ဟိန္ဒူဘာသာက ဗရာမင် ( Brahmin) တွေလိုပါပဲ။

ဒီ ဗရာမင်ဆိုတဲ့ စကားလုံးဟာ ဘယ်အထိ အဓိပ္ပာယ် သက်ရောက်တယ် ဆိုတာကို
ကျနော်ရဲ့ လက်တွေ့ ကြုံတွေ့မှုတွေနဲ့ ယှဉ်ပြီးတင်ပြပါရစေ။

ဟိန္ဒူဘာသာမှာ ဇာတ်အဆင့် ၅ မျိုး ရှိတယ်။ အမြင့်ဆုံးဇာတ်က ဗရာမင်ဖြစ်ပါတယ်။ ဗရာမင်တွေဟာ (ဇာတ်) သိပ်မြင့်တဲ့အတွက် တခြားသူတဦးကသူတို့စားတဲ့ ပန်းကန်ကို ထိမိရင်တောင် ထမင်း ဆက်မစားတော့ဘူးလို့ ဆို နိုင်ပါတယ်။

ကျနော့်ဖခင် ဦးကျော်ငြိမ်းဟာ ထိုစဉ်က Asian Socialist အာရှဆိုရှယ်လစ် အဖွဲ့အစည်းကို ကူညီတည်ထောင်ခဲ့ပါတယ်။ ဆူကာနိုတို့ အင်ဒိုနီးရှားမှာ ဒတ်ခ်ျတွေကို ပုန်ကန်စဉ်က လက်နက်ကိုင်ကူညီခဲ့ရုံမျှမက သခင်သာခင်ကိုပါ လွှတ်ပြီး ကူညီခဲ့ပါတယ်။ နီပေါမှာ ဘုရင်စံနစ်ကို ပုန်ကန်ကြတော့လည်း လက်နက်တွေ အကူအညီပေးခဲ့ပါတယ်။ မြန်မာပြည် အစိုးရအနေနဲ့ ကူညီခဲ့တာပါ။ ဒါကြောင့် အိမ်စောင့်အစိုးရခေတ်မှာ နီပေါမှာ အာရှဆိုရှယ်လစ် အစည်းအဝေးလုပ်တော့ အပြန်မှာ ဘုရားဖူးဖို့ ကျနော်တို့ (ကလေး) တွေကိုပါ ခေါ်သွားခဲ့ပါတယ်။

ဘုရားပွင့်ရာ လုမ္ပဏီဥယျာဉ်ဟာ နီပေါနိုင်ငံထဲမှာ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဧည့်သည်အနေနဲ့ လုမ္ပဏီဥယျာဉ်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ( Govemor) က နေ့လည်စာ ဧည့်ခံပါတယ်။ ကျနော်က(ကလေးပီပီ) ဘာမသိညာမသိ၊ အုပ်ချုပ်ရေးမှူးရဲ့ ထမင်းပန်းကန်ကို ထိမိရာ ထမင်းမစားတော့ပါ။ အုပ်ချုပ်ရေးမှူးက ကျနော့်ရဲ့ အဖေကို တောင်းပန်လိုက်တာ။
ဗရာမင်ရဲ့ ပန်းကန်ကို နိုင်ငံခြားဧည့်သည်တောင် မထိရပါ။

တခါ ဗုဒ္ဓဂါရာကို အသွား ဟိန္ဒူဘုရားကျောင်းတခုကို ဝင်ကြည့်ကြပါတယ်။ ဒီဘုရားကျောင်းအတွင်းမှာ အဝိုင်းပုံသဏ္ဍာန် ရေချိုးရာနေရာကိုလည်း တည်ဆောက်ထားပါတယ်။ ရေချိုးဖို့ အဆောက်အဦမှာ (ဇာတ်) အလိုက် အဆင့်ဆင့် တည်ဆောက်ထားပါတယ်။ အမြင့်ဆုံးအဆင့်က ဗရာမင်များ ချိုးပြီး ရေကို ရေမြောင်းကတဆင့် ရေခံပြီးနောက် (ဇာတ်) တွေက ချိုးရပါတယ်။ ဒီလို အဆင့်ဆင့် ရေခံပြီး စီးဆင်းစေရာ အောက်ဆုံးအဆင့် Untouchable အဆင့်ကို ရောက်တဲ့အခါ ရေဟာ ညစ်ပတ်တဲ့ ဆပ်ပြာရေ ဖြစ်နေပါပြီ။

အောက်ဆုံးအဆင့်မှ လူတွေဟာ ဗရာမင်တွေ ဘယ်လို စံစားနေတယ်ဆိုတာ မမြင်ရ (တက်ခွင့်မရှိ) ဆပ်ပြာရေတွေကိုပဲ ကျေကျေနပ်နပ် ချိုးသုံးနေတာကို မြင်ရတဲ့မြင်ကွင်းကို ဒီကနေ့အထိ မမေ့နိုင်ပါ။ အောက်ဆုံးအဆင့်ကနေ ကြည့်ရင် ဗရာမင်တွေဟာ တိမ်ညွန့်ခူးစားနေတဲ့ နတ်ဘုံ၊ နတ်နန်းက သူတွေနဲ့ တူပါတယ်။ ဝေးလွန်းတဲ့ အမြင့်ဘုံမှ (ဇာတ်) မြင့်တွေ ဖြစ်တယ်။ အမေရိကန် အရင်းရှင်စနစ်တွင် (ဇာတ်) လို လူတန်းစား အတိအကျ မခွဲထားပေမယ့် ငွေကြေးပိုင်ဆိုင်မှု ပမာဏပေါ်မူတည်ပြီး အဆင့်အတန်း ကွဲတယ်လို့ ဆိုနိုင်ပါတယ်။ အောက်ဆုံးအဆင့် လခစား (သို့) နေ့စားလုပ်သားတွေဟာ နေ့ဒဓူဝ အလုပ်ဝင်၊ အလုပ်ထွက် လခ (သို့) နေ့စားရကြတယ်။ အမြင့်ဆုံးအဆင့် လူချမ်းသာ (ဗရာမင်) တွေက ငွေပုံပေါ်ထိုင်ပြီး ငွေရှာကြတာကိုမမြင်ရမသိနိုင်ပါ။ ဒါကြောင့် Main Street လူတွေက Wall Street က လူတွေကို ငေးမျှော်ကြည့်ကြရတယ်။ ခွဲခြားမှု (ဇာတ်) ဆိုတာဘယ်စံနစ်မှာမဆို ကောင်ကျိုးမပေးပါဖူး။

အရင်းရှင်စနစ်မှာ အရေးပါတဲ့ လုပ်ဆောင်ချက် (သို့) ခံယူချက်တခု ရှိပါသေးတယ်။ ကျနော် အင်းစိန်မှာ နေခဲ့စဉ် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး တင်ပြပါရစေ။ အင်းစိန်ထောင်မှာ ကျင့်သုံးတဲ့ လုပ်ငန်းစဉ် (သို့) စံနစ်တခု ရှိပါတယ်။ လူသတ်မှု၊ ဓားပြမှု စတာတွေနဲ့ ထောင်ကျလာသူတွေကို (နှစ်ကြီးသမား) တွေလို့ ခေါ်တယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျလာသူတွေဟာ ထောင်တွင်း စားသုံးဖို့အတွက် မြေယာစိုက်တဲ့ အလုပ်တွေကို စေခိုင်းခံရတယ်။ နှစ်ကြီးသမားတွေကို (လုံချည်အပြာ) ထုတ်ပေးကာ ခွဲခြားထားတာကြောင့်
(လုံချည်ပြာ) လို့ ခေါ်ဆိုညွှန်းလေ့ရှိပါတယ်။

ရာဇဝတ်အကျဉ်းသားတိုင်း ထောင်စည်းကမ်းအရ ၂ ပတ် တခါ မိသားစုနဲ့ တွေ့ခွင့်ရကြပါတယ်။ ဒါကို (ထောင်ဝင်စာ) တွေ့တယ်လို့ ခေါ်ပါတယ်။ အကျဉ်းသားအများစုရဲ့ ဇနီး၊ သားမယား၊ ဆွေမျိုး၊ မောင်နှမ၊ မိသားစု အများစုက မရှိမဲ့ ရှိမဲ့ ငွေကလေးနဲ့ ငါးပိကြော်၊ ဆေးလိပ်၊ ဆေးပေါ့လိပ်လေးတွေနဲ့ ၂ ပတ် တခါ တွေ့ကြရပါတယ်။ ထောင်ထဲမှာ တရားဝင် ငွေ ကိုင်ခွင့်မရှိပါ၊ ဒါကြောင့် ဆေးလိပ် (ဝါ) ဆေးပေါ့လိပ်ဟာ ငွေ ဖြစ်လာတယ်။ ရာဇဝတ် အကျဉ်းသားတွေဟာ မိမိတို့ရလာတဲ့ ထောင်ဝင်စာတွေထဲက ကောင်းနိုးရာရာ အစားအစာတွေ၊ ဆေးလိပ်တွေနဲ့ လုံချည်ပြာတွေကို ပူဇော်ပါမှ နေပူထဲတွင် လုံချည်ပြာတွေရဲ့ မတရားမောင်းနှင် စေခိုင်းတဲ့ဒဏ်ကနေ သက်သာရာရပါတယ်။

ထောင်ဝင်စာ မတွေ့နိုင်သူ၊ ခိုကိုးရာမဲ့နေသူ အကျဉ်းသားတွေအဖို့တော့ တရိစ္ဆာန် တကောင်အလား အမောင်းခံရဖို့ပဲ ရှိပါတော့တယ်။ အကျဉ်းသားတယောက်ကို မြိုးမြိုးမြက်မြက်လေး ခေါင်းပုံဖြတ်ပြီးတဲ့ လုံချည်ပြာ တယောက်ဟာ အဲဒီအကျဉ်းသားကို လက်ညိုးထိုးပြီး တခြား လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ စသည်ဖြင့် လက်လွှဲရောင်းစားလေ့ရှိပါတယ်။ အကျဉ်းသား မှန်မှန် လက်ခံရရှိတဲ့ ပမာဏ ထောင်ဝင်စာပေါ် မူတည်ပြီး ဈေးသတ်မှတ်ကြတယ်။

ဤထောင်တွင်းစနစ်ဟာ လူလူချင်း ခေါင်းပုံဖြတ်တဲ့ စံနစ်ဖြစ်တယ်။ ဒီစံနစ်မှာ (ဝင်ငွေ) ဟာ ထောင်ဝင်စာပမာဏ ဖြစ်တယ်။

အရင်းရှင်စနစ်ဟာ ငွေသားအပေါ်မှာ ခေါင်းပုံဖြတ်ခြင်း ဖြစ်တယ်။ ထောင်ထဲမှာ အကျဉ်းသား တယောက်ဟာ သူ မသိဘဲ လုံချည်ပြာတယောက်က နောက် လုံချည်ပြာတယောက်ကို ဆေးပေါ့လိပ်နဲ့ တန်ဖိုးဖြတ်ပြီး အရောင်းစားခံရသလိုမျိုး အရင်းရှင်စနစ်မှာ (Loan) လို့ ခေါ်တဲ့ငွေချေးစာချုပ်ကို အရင်းရှင်တယောက်ကနေ နောက်အရင်းရှင်တယောက်ဆီကို လက်လွှဲရောင်းခံရပါတယ်။ ဥပမာ - ကျနော်က အိမ်ဝယ်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်း ချေးပြီး တလမှာ ၂ဝဝဝ ပေးဆပ်ရတယ် ဆိုပါစို့။ ကျနော့်ကို ချေးတဲ့ ABC ဘဏ်က နောက်ဘဏ်တခုကို (ကျနော်သိစရာ မလိုဘဲ) ရောင်းစားလိုက်ပါမယ်။

အဲဒီဘဏ်က ကျနော်တို့လိုပဲ Loans တွေကို ပေါင်းစပ်ပြီး၊ တခါ နောက်တဆင့် MBS ( Mortage Back Securities) အဖြစ် ရောင်းစားလိုက်ပါမယ်။ နောက်တဆင့် ပိုပြီး အရင်းရှိသူ MBS တွေကို တခြား Securities Bonds တွေနဲ့ ရောပြီး နောက်တဆင့် ရောင်းစားပြန်ပါတယ်။ အခုလို အဆင့်ဆင့် ရောင်းစားခံရတာကို အောက်ဆုံးအဆင့် ငွေချေးသူ (ကျနော်) က ဘာမှ မသိလိုက်ရပါ။ ဒါကြောင့် အမေရိကန် အရင်းရှင်စနစ်ကို ဟိန္ဒူ (ဇာတ်) နဲ့ နှိုင်းပြီး ဥပမာ ပေးရတာဖြစ်ပါတယ်။ (မှတ်ချက်။ ။ နဲ့ တခြား အခေါ်အဝေါ်တွေကို ရှေ့ မှာရှင်းပြပါမယ်။)

အရင်းရှင်စနစ်မှာ ငွေရှိသူ၊ ငွေရင်းသူတွေဟာ ဗရာမင်တွေလို ထိပ်ဆုံးအဆင့်မှာ ရှိတာကြောင့် Banker လို့ ခေါ်တဲ့ ဘဏ်လုပ်ငန်းရှင် (သို့) ဘဏ်ထိပ်ကဲတွေဟာ အရင်းရှင်စနစ်မှာ သြဇာအကြီးမားဆုံးလို့ ဆိုနိုင်ပါတယ်။ အရင်းရှင်စနစ်မှာ ဘဏ် နှစ်မျိုးနှစ်စား ရှိပြန်တယ်။ Commercial Bank လို့ ခေါ်တဲ့ ပြည်သူတွေနဲ့ အလုပ်လုပ်တဲ့ ဘဏ်နဲ့ Investment Bank ဘဏ်ဆိုပြီး ဖြစ်တယ်။ ဘဏ်စနစ်ရဲ့ အခြေခံက (လူတွေ) Customers တွေက ဘဏ်မှာ ငွေအပ်နှံကြပါတယ်။ ဘဏ်ကအတိုးနဲနဲပေးပြီး ငွေပေးယူခ ဝန်ဆောင်ခ Service Fees စားပါတယ်။ ဒီစုငွေတွေကို စုပေါင်းပြီး ဘဏ်က လုပ်ငန်းရှင် Business People တွေကို အတိုးနဲ့ ငွေချေးပါတယ်။ ဘဏ် အကြီးအသေးပေါ် မူတည်ပြီး Community Bank
ရက်ကွက်ဘဏ်၊ Regional Bank ဒေသပြည်နယ်ဘဏ်၊ National Bank တပြည်လုံးဆိုင်ရာဘဏ်၊ International Bank အပြည်ပြည်ဆိုင်ရာဘဏ်ဆိုပြီး ကြီးစဉ်ငယ်လိုက် တည်ရှိကြပါတယ်။ ဒီဘဏ်တွေဟာ ပြည်သူတွေရဲ့ ငွေတွေကို လက်ခံပြီး ငွေလည်ပတ်မှု လုပ်တာကြောင့် အစိုးရက ထိန်းကွပ်မှု (Regulation) အတိုင်း လိုက်နာရပါတယ်။ အရမ်းကာရော နားလည်မှုနဲ့ ချေးရင် ရှုံးးပြီး ဒုက္ခမရောက်ရအောင်ပါ။ ဘဏ်မှာငွေစာရင်း ဖွင့်သူတိုင်းအတွက် အမေရိကန်ဒေါ်လာ တသိန်းကို အစိုးရအဖွဲ့စည်း FDIC က အာမခံပေးထားပါတယ်။ ဘဏ်တခု ဒုက္ခရောက်မယ်ထင်ရင် FDIC က ဝင်ပြီး ဘဏ်ကို ထိန်းကွပ်ရောင်းပစ် နိုင်ပါတယ်။ ပြည်သူတွေဆီက Deposit ငွေလက်ခံပြီး ချေးတာ ဘဏ်တွေရဲ့ တစိတ်တပိုင်းပဲ ရှိတယ်။ ဒီပြည်သူတွေဆီက Deposit လက်ခံပြီး ငွေချေးတဲ့ ဘဏ်တွေကို Commercial Bank လို့ ခေါ်ပါတယ်။

လက်လုပ်လက်စား၊ လခစား ပြည်သူတွေနဲ့ ထိတွေ့မှု လုံးဝ မရှိတဲ့ ဘဏ်တမျိုး ရှိပါသေးတယ်။ ဒီဘဏ်တွေကို Investment Bank ငွေရင်းရှာဘဏ်လို့ ခေါ်ပါတယ်။ ၁၉၂၄ ခုနှစ် ဥပဒေအရ Investment Bankု နဲ့ Commercial Bank တို့ကို ပေးမရောပါ။ ၁၉၉၉ ခုနှစ် သမ္မတ ကလင်တန် လက်ထက်မှာ ဥပဒေအသစ်အရ ဒီဘဏ် ၂ မျိုး ရောခွင့်ရသွားပါတယ်။ ဒီကနေ့ ပြဿနာ ကြီးမားရခြင်းမှာ ဒီဘဏ် ၂ မျိုး ရောခွင့်ရလို့ ပိုမိုရှုပ်ထွေးကုန်ခြင်း ဖြစ်တယ်။

Investment Bank ဆိုသည်မှာ ငွေရင်းကို ရှာပေးသောဘဏ် ဖြစ်သည်။ ငွေရင်းကို ဘယ်ကရှာရမှာလဲ?

အရင်းရှင် ဗရာမင်တွေ ရဲလောကမှာ ထိပ်ဆုံးမှ အချမ်းသာဆုံး ပုဂ္ဂိုလ် (သို့) မဏ္ဍိုင်တွေမှာ -

၁။ Independently Wealthy (အမှီအခိုမရှိ တသီးတခြား ချမ်းသာသူတွေ)

၂။ Pension Funds & Mutual Funds (ပင်စင်ငွေစုတွေနဲ့ အများစု ငွေစုတွေ)

၃။ Insurance Companies (အာမခံ ကုမ္ပဏီကြီးတွေ) ဖြစ်တယ်။

ကျနော်တို့ မြန်မာနိုင်ငံတွင် ငွေ ရှိလာပါက ရွှေ၊ စိန်၊ ကား၊ တိုက်ဝယ်ပြီး ငွေများကို ပိုက်ထားကာ အတိုးပေးစားတာလောက်ပဲ ရှိကြပါသည်။ မိမိ၌ ရှိပြီးသားငွေများမှ ငွေထပ်ပေါ်ရန် လမ်းကြောင်း သိပ်မရှိလှပါ။ အရင်းရှင်စနစ်တွင် ငွေရှိရင် ဒီငွေမှ ငွေထပ်ပေါ်အောင် (ရင်းနှီး) Investment လမ်းကြောင်းတွေ ရှိကြပါတယ်။ ဒါကြောင့် ကျိကျိတက် ချမ်းသာလာကြတဲ့ ဘီလ်ဂိတ်၊ ရော်ကီဖဲလား၊ ကနေဒီ၊ ဂျေပီမော်ဂန်တို့လို ပုဂ္ဂိုလ်တွေဟာ Trust Fund တွေ ထောင်ပြီး Professional Money Managers လို့ ခေါ်တဲ့ ကြေးစား ငွေကြေးစီမံခန့် ခွဲမှု မန်နေဂျာတွေကို လွှဲထားကြပါတယ်။ အင်တာနက် တဟုန်ထိုးတက်ချိန် Internet Boom ၊ အခုအခါ အိမ်ယာမြေ တဟုန်ထိုးတက်ချိန် Housing Boom တွေမှာ ချမ်းသာလာကြတဲ့ ခေတ်သစ်သူဋ္ဌေးတွေကလည်း Money Manager တွေကိုပင် အပ်နှံပြီး အရင်းရှာ၊ ငွေရှာ (Invest) လုပ်ကြပါတယ်။

အရင်ခေတ်တွေက အလုပ်သမားတယောက်ရဲ့ လုပ်သက်တလျှောက် နောင်မှာ ပင်စင်ယူနိုင်ဖို့ လစဉ်မှန်မှန် လခကနေ ဖြတ်ပြီး ငွေစု ကြရပါတယ်။ ကုမ္ပဏီကြီးတွေကသော်လည်းကောင်း၊ အစိုးရအလုပ်သမားဖြစ်ရင် အစိုးရကသော်လည်းကောင်း၊ အချိုးကျ လုပ်သားတဦးစီ ပင်စင်အတွက် လစဉ်မှန်မှန် ထပ်ဖြည့်ဆည်းပေးရပါတယ်။ ဒီအလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေက Professional Money Manager တွေကို ငှားပြီး ရင်းနှီးကာ ငွေတိုးပွားအောင် လုပ်ဆောင်ကြရပါတယ်။

အခုနောက်ပိုင်း ခေတ်တွေမှာ ပင်စင်အစား ၄ဝ၁ (K) လို့ ခေါ်တဲ့ စုငွေနည်းစနစ်အသစ် ပေါ်လာပါတယ်။ အရင်စံနစ်အရအလုပ်သမားတယောက်ဟာ ကြိက်သည်ဖြစ်စေ၊ မကြိက်သည်ဖြစ်စေ မိမိရဲ့စုငွေဟာ မိမိနဲ့ ဆိုင်ရာ ပင်စင်စုဆောင်းရာ Pension Funds ကိုပဲ ပေးသွင်းရပါတယ်။ ၄ဝ၁ (K) စနစ်မှာ အလုပ်သမားတယောက်ဟာ မိမိကျေနပ်ရာ Mutual Funds ကို ရွေးချယ်နိုင်ခွင့်ရှိပါတယ်။ Mutual Funds ဆိုတာ ရင်းနှီးမှုကို ကျွမ်းကျင်တဲ့ Investment Bank အရင်းအနှီးဘဏ်တွေက ဖွဲ့စည်းထားတဲ့ ငွေစုအဖွဲ့တွေဖြစ်တယ်။ Mutual Funds တွေက သုံးလ တကြိမ် မိမိတို့ရဲ့ ငွေကြေးပမာဏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အစီရင်ခံစာတွေကို ထုတ်ဝေရပါတယ်။

တချို့က Mutual Funds တွေက မစွန့်စား၊ အမြတ်နည်းနည်းနဲ့ ပုံမှန်တိုးတက်မှုကို ရည်စူးတယ်။ တချို့က စွန့်စွန့်စားစား ရင်းရဲတယ်။ အမြတ်များနိုင်သလို ရှုံးးလည်းရှုံးးနိုင်တယ်။ တချို့က အာရှနိုင်ငံတွေ (ဥပမာ တရုတ်ပြည်ကြီး) မှ ကုမ္ပဏီတွေမှာ ရင်းနှီးမယ် စသည်ဖြင့် ခွဲခြား၊ ထူးခြားမှုလေးတွေ ရှိပါတယ်။ မိမိကုမ္ပဏီ (သို့) အစိုးရနဲ့ နားလည်မှုရှိတ Mutual Funds တွေကနေ ကြိက်ရာကို ရွေးချယ်နိုင်ပါတယ်။

အာမခံကုမ္ပဏီတွေဟာ ခေတ်အဆက်ဆက် အာမခံငွေတွေကို ရင်းနှီးခဲ့ကြတာကြောင့် အရင်းအနှီး ရှိပြီးတဲ့ ငွေပုံပေါ် ထိုင်နေသူတွေ ဖြစ်ကြတာကြောင့် ငွေရှိကြပါတယ်။

ဒီလို ငွေရှိသူတွေကနေ အရင်းအနှီးရှာပေးတဲ့ ဈေးကွက်ကို ငွေကြေးအရင်းအနှီး ဈေးကွက် Capital Market လို့ ခေါ်ပါတယ်။ နယူးရောက်မြို့ ဝေါ်လ်စထရိနဲ့ လန်ဒန် ငွေကြေးဈေးကွက် London Financial Market ဟာ ငွေရင်းဈေးကွက်မှာ ထိပ်က ပြေးနေကြပါတယ်။

Stocks & Bonds ဆိုတာ ဘာလဲ?

ရင်းနှီးမြုပ်နှံမှုပြုမယ်ဆိုရင Stocks & Bonds တွေကို နားလည်လို့ မရပါ။

Stock ဆိုတာ ဘာလဲ?

ကျနော်က စီးပွားရေးလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်ကူကူ ပလပ်စတစ်အိတ်တွေ ထုတ်တဲ့ လုပ်ငန်းလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်တွေးနိုင်အောင် ချမ်းသာတဲ့မိတ်ဆွေ သော်လည်းကောင်း ဘဏ်ကသော်လည်းကောင်း ငွေ ၅ သိန်းကို သုံးရစ်ထုတ် ချေးပြီး စက်ရုံး တည်တယ် ဆိုပါစို့။ တနှစ်၊ တနှစ်ခွဲ အကြာမှာ ကျနော့်ဆီက ဝယ်မယ့်သူ အယောက် ၂ဝ လောက် ဖြစ်လာလို့ နောက်ထပ် Customer ၁ဝ ယောက်လောက် အလားအလာရှိနေပြီ။ ပြိုင်ဘက်တွေထက်သာဖို့ စက်အသစ်တွေ ဝယ်ရမယ်။ ပစ္စည်းသစ်တွေ ထုတ်ရမယ်၊ အရောင်းသမားတွေ ထပ်ငှားရမယ်၊ စက်လည်မယ့်သူ အင်ဂျင်နီယာအသစ်တွေ ထပ်ငှားရမယ်၊ အလားအလာလည်း ကောင်းနေပြီ၊ ငွေတ သန်းခွဲ ထပ်လိုတယ်ဆိုပါတော့။

ဘဏ်က အတိုးများတယ်၊ သူငယ်ချင်းကလည်း ငွေ မပိုတော့ဘူး၊ ဘာလုပ်မလဲ။ အရင်းရှင်စနစ်မှာဆိုရင် မိမိရဲ့ ပိုင်ဆိုင်မှုကို မျှဝေပြီး ငွေဖော်နိုင်၊ ရောင်းနိုင်ပါတယ်။ မိမိရဲ့ လုပ်ငန်း ငွေ အဝင်အထွက်၊ အင်အား၊ အလားအလာကို ကြည့်ပြီး Investment Banker တွေက
ဈေးကွက်ကိုကြည့်ပြီး ဈေးသတ်မှတ် ပေးလိမ့်မယ်။ လွယ်လွယ်နဲ့ နားလည်အောင် ပြောရရင် ဒီ Investment Bank ကပဲ ဦးစီးပြီး Stock တွေကို ဖော်ထုတ်ရောင်းပေးပါလိမ့်မယ်။ ဒါကို Stock offering လို့ ခေါ်ပါတယ်။ ပထမဆုံး Stock စရောင်းတာကို IPO (Initial Public offering) လို့
ခေါ်ပါတယ်။ ဈေးသိပ်ကြီးရင် လူမဝယ်ဘူး။ ဈေးသိပ်နိမ့်ရင်လည်း ကိုယ်နာတယ်။ ဒါကြောင့် ဒါတွေဟာ ပညာသား ပါလှတယ်။

တကယ်လို့ မိမိရဲ့ စတော့@(Stock) တခုကို ၁၅ ဒေါ်လာနဲ့ ရောင်းမယ်။ Stock ပေါင်း တသိန်း ထုတ်မယ်ဆိုရင် လိုတဲ့ ငွေ တသန်းခွဲ ရပြီမို့ လုပ်ငန်း ပိုမို တိုးချဲ့ နိုင်ပြီပေါ့။ Stock ဝယ်တဲ့ သူကတော့ စွန့်စားမှု ရှိတယ်ပေါ့။ ဒီကုမ္ပဏီ အောင်မြင်ရင် မိမိဝယ်ရင်းလိုက်တဲ့ စတော့တွေက ဈေးတက်ရင် မြတ်ပြီ၊ မအောင်မြင်ရင် ရှုံးးပြီပေါ့။ Stock ဝယ်ရင်ကုမ္ပဏီရဲ့ တစိတ်တဒေသကို ဝယ်ယူတာနဲ့ အတူတူပါပဲ။

Bond ဆိုတာဘာလဲ။

Bond ဆိုတာက အာမခံနဲ့ ငွေချေးတာပါပဲ၊ အစိုးရကဖြစ်စေ၊ ကုမ္ပဏီတခုက ဖြစ်စေ ငွေလိုတဲ့အခါ Bond ထုတ်ပြီး အများလူထုဆီက ငွေချေးခြင်းပါပဲ၊ ဥပမာ ဗာဂျီးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး က တံတားတခု ဆောက်လိုတယ်။ ဒေါ်လာ (၁ဝ သန်း) ကုန်မယ်၊ အဲဒီအတွက် ဗာဂျီးနီးယား အစိုးရက အများလူထုကို Bond ထုတ်ရောင်းနိုင်ပါတယ်။ Bond မှာ ရေတို - တနှစ်အတွင်း ပြန်ဆပ်ရတာ။ အလယ်အလတ် - ၁ဝ နှစ်ပြည့်မှ ပြန်ဆပ်ရတာ။ ရေရှည် - ၁ဝ နှစ် အထက်မှာ ဆပ်ရတာတွေ ရှိပါတယ်။ ကူပွန် Coupon ဆိုတာက Bond ရဲ့ အတိုးနှုန်းပါ။ အကြမ်းအားဖြင့် Bond တခုကို ဒေါ်လာ တထောင်တန်လေ့ ရှိတယ်။ အမေရိကားမှ တနှစ်မှာ နှစ်ကြိမ် အတိုးပေးပြီး၊ ဥရောပမှာတော့ တနှစ်မှာ တကြိမ်ဘဲ ပေးလေ့ရှိတယ်။

ဒီ Stocks & Bonds တွေကို Securities လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သတိပြုစေချင်တာက Bond ဆိုတာက ငွေချေးစာရွက်ပါပဲ။ အတိုးပဲ စားရပါတယ်။ Stock ကတော့ ပိုင်ဆိုင်မှု ဖြစ်တာကြောင့်ရှုံးးနိုင်၊ မြတ်နိုင်ပါတယ်။ ကျနော် Cisco မှာ လုပ်ခဲ့စဉ်က Cisco Stocks တွေဟာ ၈ လတိုင်းမှာ ၂ ဆ ဖြစ်သွားပါတယ်။ ပြုတ်ကျတော့ ဝုန်းဆို ၁ဝဝ ကနေ ၁ဝ ဖြစ်သွားတယ်။

Bonds တွေမှာ ရှုပ်ထွေးတဲ့ Bonds တွေ ရှိပါသေးတယ်။ ဒီနေရာမှာ သိသင့်တာကတော့ Assets Back Securities ဆိုတာက တခြားကဝင်တဲ့ ဝင်ငွေအပေါ် မူတည်ပြီး အရင်းနဲ့ အတိုးကိုပေးတဲ့ Bonds ကို ဆိုလိုတာပါ။ ဥပမာ ရှေ့ မှာ ရေးခဲ့တဲ့ အိမ်ကို ဝယ်ဖို့ဆိုရင် ABC ကုမ္ပဏီက ငွေ တသိန်း ချေးတယ်။ ဒီချေးငွေတွေကို ABC က Freddie Mac (သို့မဟုတ်) ဘဏ် XYZ ကို ရောင်းလိုက်ပါတယ်။ ဘဏ် XYZ က ဒီလို ချေးငွေပေါင်း ၁ဝဝ ကို မှီပြီး Bonds ပြန်ရောင်းရင် ဒီ Bonds ဟာ အိမ်ကို မှီပြီး ထုတ်တာကြောင့် Mortgage Back Securities (MBS) လို့ ခေါ်ပါတယ်။ MBS အပြင် ကျန် Securities တွေလည်း ရှိပါသေးတယ်။ ထို့နည်းတူစွာပဲ ကျနော်တို့ရဲ့ ကားကြွေး၊ ဗီဇာကဒ်၊ မာစတာကဒ် အကြွေးတွေကို မှီပြီး တခြား Securities အဖြစ် Public အများလူထုကို ပြန်ရောင်းနိုင်ပါသေးတယ်။

အင်းစိန်ထောင်မှာ လုံချည်ပြာက ထောင်ဝင်စာပေါ် မူတည်ပြီး အကျဉ်းသားကို လုံချည်ပြာ အချင်းချင်း ဆေးလိပ်နဲ့ ရောင်းစားတယ်။ ကျနော်တို့ရဲ့ ချေးငွေ Loans က ရတဲ့ ဝင်ငွေနဲ့ အမြတ်ပေါ် မူတည်ပြီး ဘဏ်တွေက အချင်းချင်း ပြန်ရောင်းစားခြင်းပါပဲ။ ဒါကြောင့် အဆင့်ဆင့် အမြတ်ထုတ်ကြတာကြောင့် ဟိန္ဒူဘာသာက ဇာတ်တွေအတိုင်း အဆင့်ဆင့် ရှိကြပါတယ်။

ပြဿနာပေါ်လာပြီဟေ့။

အခု လက်ရှိပြဿနာတွေဟာ MBS က အရင်းတည်လာတာပါ။ သပွတ်အူလို ရှုပ်ထွေးတာတွေကို နောက်ဆုံး အပိုင်း (၃) မှာ ဆက် ရှုပါ။

အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ( အပိုင်း ၁)


စီးပွားရေးကပ်ရောက်ဖို့ လက်တလုံးအလို Subprime အပိုင်း(၃)




No comments:

Post a Comment